Windows Movie Maker For Windows 7 OS

Video Image!

ဒီ Windows Movie Maker software က Photos & Video Clips တွေကို Create & Edit လုပ်နိုင်တဲ့ Software တစ်ခုပါ။ Professional အတွက်ဆိုရင်တော့ ဒီထက်ကောင်းတဲ့ Software တွေ အများကြီးရှိပါတယ်။ Windows XP & Vista users တွေအတွက်ကတော့ Auto Install ထားပြီးဖြစ်လို့ စက်ထဲမှာ အသင့်ပါပြီးဖြစ်ပါတယ်။ ဒါပေမယ့် Windows 7 users တွေကတော့ Windows Movie Maker ကို စက်ထဲမှာ တွေ့ရမှာ မဟုတ်ပါဘူး။ ဒီ့အတွက် Microsoft က New version အနေနဲ့ Windows Movie Maker software ကို Windows Vista & 7 users များအတွက်ဆိုပြီး ထုတ်ထားပါတယ်။ Windows 7 users များ အောက်မှာ ပေးထားတဲ့ လင့်ခ်ကို သွားပြီး New Movie Maker software ကို Download ချနိုင်ပါတယ်။ ပြီးရင်တော့ ဒီ Windows Movie Maker software နဲ့ Movie-making, Improved editing, Slide show creation နဲ့ web publishing တွေအတွက် အသုံးပြုနိုင်ပါပြီ။ { Only for Windows Vista & 7 users (not for XP users) }

Download Movie Maker

မနောသား


ရွှင်လန်းချမ်းမြေ့ပါစေ....

Customize Style Your Post Images Using Simple CSS

Me

Blogspot Post မှာ တင်တဲ့ ပုံတွေကို အနည်းငယ် Customize လုပ်တဲ့ နည်းပါ။ CSS & HTML Code ကို နားလည်တဲ့ သူများကတော့ ဒီထက်မက ပိုပြီး Customize လုပ်နိုင်ပါတယ်။ နားမလည်ဘူးဆိုလဲ အောက်မှာ ( ၇ ) မျိုး အသင့် Customize လုပ်ထားတာ ရှိတယ် ( EXAMPLE တွေလဲ ပြထားပါတယ် ) ။ အဲဒါတွေကိုပဲ အလွယ်တကူ ယူသုံးလိုက်ပေါ့။ Color တို့ Pictures တို့တော့ စိတ်ကြိုက်ပြောင်းနိုင်တယ်။ ဒီ Code တွေကို ဘယ်မှာ ထည့်မလဲဆိုတော့ (Dashboard -> Layout -> Edit HTML) ထဲဝင်ပြီး </head> အပေါ်လေးမှာ ကပ်ထည့်ပေးလိုက်ပါ။ ဒါဆို အဆင်ပြေပါပြီ..။

1. Single border [EXAMPLE]
<style type="text/css">
.post img {
border: 1px solid red;
}
</style>
2. Single border with hover effect [EXAMPLE]
<style type="text/css">
.post img {
border: 5px solid gray;
}
.post img:hover {
border: 5px solid black;
}
</style>
3. Single border - dotted - Stamp-Style ( With Black hover effect ) [EXAMPLE]
<style type="text/css">
.post img {
border: 3px dotted gray;
}
.post img:hover {
border: 3px dotted black;
}
</style>
4. Double Border [EXAMPLE]
<style type="text/css">
.post img {
border: 5px solid gray;
padding: 5px; /*Inner border size*/
background: #d5d5d5; /*Inner border color*/</style>
}
</style>
5. Double border - Hover effect [EXAMPLE]
<style type="text/css">
.post img {
border: 5px solid gray;
padding: 5px; /*Inner border size*/
background: #d5d5d5; /*Inner border color*/
}
.post img:hover {
border: 5px solid black;
padding: 5px; /*Inner border size*/
background: #gray; /*Inner border color*/
}
</style>
6. Special Border 1 (Shadow Effect) [EXAMPLE]
<style type="text/css">
.post img {
background: url(http://i30.tinypic.com/1qsh1h.jpg) no-repeat right bottom;
padding: 5px 10px 10px 5px;
border: 0px;
}
</style>
7. Special Border 2 (Framed at top-right corner) [EXAMPLE]
<style type="text/css">
.post img {
background: url(http://i26.tinypic.com/2u5ufz8.jpg) no-repeat top left;
padding: 20px 10px 5px 35px;
border: 0px;
}
</style>

Ref : http://bloggerstop.net/

မနောသား


ရွှင်လန်းချမ်းမြေ့ပါစေ....

wxPyDict


ကိုစိုးမင်း ရေးထားတဲ့ wxPyDict ပါ။ ထွက်တာလဲ ကြာပါပြီ။ အသုံးပြုရတာကတော့ ရှယ်ကောင်းတယ် :) ။ wxPyDict နဲ့ ပတ်သက်ပြီး ကိုစိုးမင်း ဆီမှာလဲ ရေးပြီးသားတွေ အများကြီးရှိပါတယ်။ ဒီ wxPyDict ကို XP သုံးတဲ့ သူများကတော့ Install မယ်ဆိုရင် Double Click ပေးလိုက်တာနဲ့ အဆင်ပြေပါတယ်။ အခက်တွေ့နေတာက Window Vista & Window 7 ကို အသုံးပြုနေတဲ့ သူများပါ။ Window Vista & Window 7 ကို အသုံးပြုနေတဲ့ သူများက ဒီတိုင်း Double Click ပေးပြီး Install လုပ်ရင် အောက်မှာ ပြထားသလို Error တက်လာတယ်ဆိုပြီး ပြောပြောနေကြတယ်။ { ဒါကလဲ ပထမဆုံး အကြိမ် စက်ထဲမှာ Install လုပ်တဲ့ အခါမှသာ ဒီ Error တက်တာပါ } ။

Window Vista & Window 7 ကို အသုံးပြုနေတဲ့ သူများက wxPyDict ကို Install မယ်ဆိုရင် Administrator နဲ့ Run မှသာ ရပါမယ်။ Administrator နဲ့ Run ဆိုတာကို ဘာပြောလို့ ပြောမှန်းမသိ ဖြစ်နေတဲ့သူများအတွက် အဆင်ပြေအောင် အောက်မှာ ပုံနဲ့ တကွ ပြထားပါတယ်။ ဒါဆိုရင်တော့ အားလုံးနားလည်သဘောပေါက် လိမ့်မယ် လို့ထင်ပါတယ်။


wxPyDict Download

Ref : http://www.soemin.net/


ရွှင်လန်းချမ်းမြေ့ပါစေ....

ချစ်သူ "..........." ဆီ . . . .

ကြင်နာသူရေ...
မင်း မပါဘဲ

ဆူးခင်းလမ်းကို
လျှောက်ရဲလျှက်.....။

ချစ်ဆုံးသူရေ...
မင်း မပါလဲ
လောကမုန်တိုင်း
သံတံတိုင်းကို
ကြံ့ကြံ့ခံနိုင်ရဲ့.....။

ချစ်သူရေ...
မင်း မပါလဲ
ခက်ခဲကြမ်းတမ်း
ဘဝလမ်းကို
အားအင်များနဲ့
လျှောက်ရဲပါရဲ့.....။

သို့သော်ငြားလဲ
ဝေးတမြေရောက်
ချစ်ဆုံးသူအား
တမ်းတရင်းဖြင့်
လွမ်းရင်းရူးလျှက်
ရှိနေပါ၏.....။

မုသားမပါ
လင်္ကာမချော
သို့သော်ငြားလဲ
ငါ့ရင်ထဲမှာ
မှန်သော သစ္စာ
ငါ့နှုတ်ဖျားမှ
တိုင်တည်စကား
ထွက်ဝံ့ပါ၏.....။

ချစ်သူရေ...
- မင်းမပါက
ပန်းခင်းလမ်းလဲ
မနှင်းလိုပါ.....
- မင်းမပါက
လေပြေအေးလဲ မတိုက်စေလို....
လေညှင်းအေးလဲ မအေးမြပါ.....
- မင်းမပါက
စည်းစိမ်အပြည့်
ပုံကာထားသော
ဘဝကြီးအား
ပေးအပ်၍လည်း
မပျော်နိုင်ပါ.....

ချစ်သူရေ ...
အသက်ရှုတိုင်း သတိရနေတာပါ....။


ရွှင်လန်းချမ်းမြေ့ပါစေ....

Falling Snowflakes & Leaves & Other to Blogspot

ဒီဇင်ဘာဆိုတော့ နှင်းတွေဝေချင်သူများအတွက်ပေါ့။ နှင်းတင်မဟုတ်ဘူး..တခြား ကိုယ် Falling ချင်တာကိုပါ လုပ်လို့ ရနိုင်ပါတယ်။ အရင်တုန်းက Falling snow effect to Blogspot ဆိုပြီး ရေးထားတာ ရှိပါတယ်။ အခု ဒီပို့စ်မှာ ကိုယ့်စိတ်တိုင်းကျ ပြင်နိုင်အောင်JS ဖိုင်ကို ဒီနေရာမှာ ယူနိုင်ပါတယ်။ ပြင်ပြီးရင်တော့ Upload ပြန်တင်ဖို့ လိုမယ်။ JS တွေ Upload တင်နည်း မသိရင် ဒီနေရာမှာ သွားရောက် လေ့လာနိုင်ပါတယ်။ ကိုယ့် ဘလော့ဂ်မှာ ထည့်နည်းကတော့ - အောက်မှာ ပေးထားတဲ့ ကုဒ်တွေကို နမူနာယူပြီး Edit HTML ထဲက <head> အောက်မှာ ကပ်ထည့်ပေးလိုက်ရင် ကိုယ် Falling ချင်တာတွေ Fall နေလိမ့်မယ် :D ။

Falling Snow flakes
<script language="JavaScript" src="http://www.sigmirror.com/files/48725_pxg3c/falling_snowflakes.js">
</script>

Falling Leaves
<script language="JavaScript" src="http://www.sigmirror.com/files/48724_ymejl/falling_leaves.js">
</script>
အနည်းငယ် စကားရှည်လိုက်ဦးမယ် :P .. နမူနာ ပေးထားတဲ့ ပုံတွေကို မကြိုက်လို့ မိမိ စိတ်ကြိုက် ပြောင်းချင်တယ်ဆိုရင် အပေါ်မှာ ပေးထားတဲ့ JS ဖိုင်ကို ဒေါင်းပြီးဖွင့်လိုက်ပါ။ Coding တွေအပေါ်ဆုံး မှာ var snowsrc ဆိုတာကို တွေ့ပါလိမ့်မယ်။ အဲဒီက ပုံလင့်ခ်နေရာမှာ မိမိ နှစ်သက်ရာ ပုံကို အစားထိုးနိုင်ပါတယ်။

Ref : http://bloggerstop.net/

အဆင်ပြေပါစေ

မနောသား

ရွှင်လန်းချမ်းမြေ့ပါစေ....

Hide Blog HeaderTitle In Blogspot

ဒီပို့စ်က HTML Codes တွေကို နားလည် တတ်ကျွမ်းသူများအတွက်တော့ မလိုအပ်ပါဘူး။ HTML Codes အကြောင်း မသိတဲ့ သူများအတွက်ပဲ အသုံးဝင်ပါလိမ့်မယ်။တခါတလေ ကိုယ့် ဘလော့ဂ်က Banner တွေမှာ ကိုယ်ထည့်ထားတဲ့ ပုံနဲ့ Blog Header က Title နဲ့ အဆင်မပြေတာတွေ ကြည့်မကောင်းတာတွေ ရှိတတ်တယ်။ များသောအားဖြင့် ဖြစ်တတ်တာကTitle က စာတွေက ရှည်နေတာတွေ ၊ နောက်ခံ Banner နဲ့ ဆက်စပ်မှုမရှိတာတွေ ဖြစ်တတ်ပါတယ်။ အဲဒီအခါမျိုးတွေမှာ Blog Header Title ကို Remove လုပ်ပေးလိုက်မှ အဆင်ပြေတယ်။ ပြီးမှ ကိုယ်ထည့်ချင်တဲ့ နေရာမှာ Title ကို ပြန်ထည့်ပေါ့။ အခု အဲဒီ Blog Header Title Remove လုပ်တာကို ပြောမှာပါ။
  • Blogger ကို Sign In ၀င်လိုက်ပါ။
  • Layout tab ကို Click ပါ။
  • ထိုမှ တဆင့် Edit HTML ကို Click ပါ။
  • HTML ကုဒ်ထဲမှ #header.description ( သို့ ) #header h1 ကို လိုက်ရှာပါ။
  • တွေ့ရင် အဲဒီကုဒ် မဆုံးခင်လေးမှာ display:none; ဆိုတာလေးကို ထပ်ထည့်ပေးလိုက်ပါ။
နမူနာ - အနေနဲ့ အောက်ကပုံကို ကြည့်လိုက်ရင် အဆင်ပြေမယ် ထင်တယ်..။


ခင်မင်စွာဖြင့်

မနောသား

ရွှင်လန်းချမ်းမြေ့ပါစေ....