Remove Administrator Password with CMD ( XP )

C- Box မှာ Administrator Password ကို CMD ကနေ ဘယ်လို ဖျက်မလဲဆိုတာကို မေးထားလို့ ပြန်ပေးပေးလိုက်တဲ့ပို့စ်ပါ။ CMD က မဟုတ်ပဲ သာမန်ဒီတိုင်းဆိုရင်တော့ လွယ်ပါတယ်။ Control Panel ထဲသွားပြီး User Account ကနေ Remove ပေးလိုက်ရင် ရပါပြီ။ အခု CMD ကနေ ဘယ်လိုဖယ်ရှားမလဲဆိုတာကို ပြောပါမယ်။ Window Admin ကို Password ခံထားရင် ဒီလို မြင်တွေ့ရပါမယ်။ ( Control Panel --User Account -- Administrator ) ။ Password Protect ဆိုတာလေးကို တွေ့မှာပါ။ အဲဒါက Password ခံထားတယ်ဆိုတာကို ဆိုလိုတာပါ။


အခု အဲဒီ Password ကို CMD ကနေ ဖျက်ကြည့်မယ်။ အရင်ဆုံး Start -- Run --မှာ cmd လို့ ရိုက်ထည့်ပါ ။ အဲဒါမှ မရဘူးဆိုရင် cmd.exe လို့ ရိုက်ထည့်ပါ။ CMD Box ကျလာပါမယ်။ အဲဒီမှာ net user လို့ ရိုက်ပြီး Enter ခေါက်ပါ။


နောက်တဆင့်မှာ Admin Accounts Name ကို ရှာပါ။ တွေ့ရင် net user (Admin Accounts Name) * လို့ ရိုက်ထည့်ပါ။ ကွင်းတွေ မပါပါဘူး။ အောက်က ပုံမှာဆို Admin Accounts Name က NCK ဖြစ်လို့ net user NCK * လို့ ရိုက်ပါတယ်။ ပြီးရင် Enter ခေါက်လိုက်ပါ။


အဲဒီမှာ ပေါ်လာမှာက -

Type a password for the user : ( ဘာမှ မရိုက်ပါနဲ့ Enrer ဆက်ခေါက်လိုက်ပါ )
Retype the password to comfirm : ( ဘာမှ မရိုက်ပါနဲ့ Enrer ဆက်ခေါက်လိုက်ပါ )
The command complete successfully ဆိုတာပေါ်လာပါမယ်။ ဒါဆို ရပါပြီ။


Control Panel ထဲသွားပြီး User Account ကိုသွားကြည့်လိုက်ပါ ။ Password Protect ဆိုတာ မရှိတော့ပါဘူး ။


အဆင်ပြေပါစေ

မနောသား

Related Posts by Categories



Widget by Hoctro | Jack Book

2 Comments:

July 16, 2009 6:10 PM maungmaung said...

ကိုမနေသား..admin account ကဝင်ပြီး ကျနော်လုပ်တာအဆင်ပြေပါတယ်.
user account ကနေပြီး ဝင်လုပ်တာ access is denied ဆိုပြီးပြနေပါတယ်အကို..ကျနော်လုပ်ချင်တာက user account ကနေ ဖျက်ချင်တာပါ အကို..အခုလို့ ပြောပေးတာ တကယ်ကျေးဇူးတင်ပါတယ်အကို..ဖြစ်နိုင်ရင် user account ကနေပြီး ဖျက်တဲ့နည်းလေးသိချင်ပါတယ်.အကို...
maung.koko820@gmail.com က ကျနော်ရဲ့ အကောင့်ပါ..အကို ..ကျေးဇူးတင်စွာဖြင့်..မောင်မောင်..

July 18, 2009 7:14 AM strangemaskman said...

ကိုမနောသားရေ ကျေးဇူးပါပဲဗျို့။ user account ကနေ administrator ကို ဖျက်လို့တော့ မရနိုင်လောက်ဘူးထင်တယ်ဗျ။ ပုံမှန်ဆိုရင် ပြောတာပါ။ သူ့ကို authority မပေးဘူးလေ။