Powerpoint ဖိုင်တွေကို Videos ဖိုင်အနေနဲ့ ပြောင်းပေးတဲ့ ဆော်ဝဲလ်ပါ..။ အရင်ကတော့ Free မရဘူး .. $29.95 တောင်းတယ် ။ အခုတော့ Free ပေးတယ်..( Update Version ဆိုရင်တော့ ပိုက်ဆံတောင်းတယ် ) ။ ဒါပေမယ့်လဲ အခု Free ပေးထာတဲ့ Version လဲ တော်တော်ကောင်းပါတယ်..။ အသုံးပြုရတာ လွယ်ကူပါတယ်..။ နောက်တစ်ခုကြိုက်တာက ဖိုင်ဆိုဒ်လျော့သွားခြင်းပဲ..။ Powerpoint ဖိုင် ( 35 MB ) ကို Video ဖိုင်အဖြစ်ပြောင်းလိုက်တာ ( 5 MB ) ပဲ ရှိတော့တယ်..။ Resolution လဲ မဆိုးဘူး..။ ဆော့်ဝဲလ်လိုချင်ရင် သူ့ဆိုဒ်ကို သွားပြီ E-mail ရိုက်ထည့်ပေးရတယ် ..။ အဲဒီ E-mail ကို Download လင့်ခ်ပေးတယ်..။ ကျွန်တော် အောက်မှာ ဒေါင်းဖို့ လင်ခ့်ကို ၂ ခု ပေးထားပါတယ်..။ တစ်ခုက သူ့ မူရင်းဒေါင်းလင့်ခ်ပါ..။ နောက်တစ်ခုကတော့ တခြား Upload ဆိုဒ်မှာ ပြန်ပြီး Upload တင်ထားတဲ့ဟာပါ..။ အဆင်ပြေတဲ့ နေရာကနေ ဒေါင်းနိုင်ပါတယ်..။
လုပ်နည်းကတော့ ပေးထားတဲ့ ဆော့်ဝဲလ်ကို ဒေါင်းပြီး Install လိုက်ပါ..။ Install ပြီးရင် Start- Programs - Acoolsoft - PPT2You Tube - PPT2You Tube ကို ဖွင့်လိုက်ပါ .. ( Shortcut ထုတ်ထားရင်တော့ အဲဒီ Shortcut ကို ဖွင့်လိုက်ပါ ) ။ Import မှ တဆင့် ပြောင်းချင်တဲ့ Powerpoint ဖိုင်ကို ထည့်ပါ..။ Output မှာ ပြောင်းချင်တဲ့ Format ကို ရွေးပါ..။ Output Folder မှာ Output ထွက်လာချင်တဲ့ နေရာကို ရွေးပေးပြီး Start ကို Click လိုက်ရင် သူ့အလိုလို အားလုံးပြောင်းသွားပေးပါလိမ့်မယ်..။ အားလုံးပြီးသွားရင်တော့ မိမိ Output နေရာပေးထားတဲ့ နေရာမှာ Output ဆိုတဲ့ အမည်နဲ့ ဖိုဒါတစ်ခု ရရှိပါလိမ့်မယ်..။ အဲဒီ ဖိုဒါကို ဖွင့်လိုက်ရင် PowerPoint ဖိုင်ကနေ Video ဖိုင်ပြောင်းထားတဲ့ဟာလေး ရရှိနေမှာ ဖြစ်ပါတယ်..။

Free Acoolsoft PPT2YouTube Download URL
( သို့မဟုတ် )
Free Acoolsoft PPT2YouTube Download URL
Org Link : http://www.acoolsoft.com/free-powerpoint-to-youtube-overview.html
အဆင်ပြေပါစေ
မနောသား



1 Comments:
ဒီလို ဗဟုသုတလေးတွေက တကယ်လိုအပ်တဲ့အချိန်မှာ ဘယ်မှာရှာရမှန်းမသိ ဖြစ်တတ်ပါတယ်။ အခုလို ဝေမျှပေးတာတွေအတွက် အမြဲတမ်းကျေးဇူးတင်ရပါတယ် မောင်လေးမနောသားရေ...
Post a Comment