Free Contact Me Form


ဒီ Contact Form လုပ်နည်းတွေက Online မှာ Free လုပ်လို့ ရတဲ့ နည်းတွေပါ။ တကယ်ကျွမ်းကျင်တဲ့သူတွေကတော့ ကိုယ်တိုင်ရေးကြမှာပေါ့။ ကျွန်တော်ကတော့ ဘာမှ မသိဘူး။ အဲဒါကြောင့် အွန်လိုင်းမှာပဲ သူများလုပ်ထားတာကို ယူသုံးလိုက်တယ်။ ကိုယ်တိုင်ရေးတာတော့ ပိုကောင်းတာပေါ့။ ရေးမှ မရေးတတ်တာကိုး :D ။ ကျွန်တော် သိသလောက် Online ကနေ Create လုပ်လို့ရတဲ့ Contact Form လေးတွေကို မျှဝေပေးလိုက်ပါတယ်။ အသုံးပြုချင်သူများလဲ ယူသုံးပေါ့။

Kontactr


Kontactr ဟာ Free Contact Service တစ်ခုပါ။ Kontactr နဲ့ ကိုယ့် အီးမေလ်ကို ကာကွယ်နိုင်သလို ကိုယ့်ဆီ နေ့စဉ်ဝင်လာနေတဲ့ Spam တွေကို ပြန်တိုက်လို့ရတယ်လို့ ပြောတာပဲ..စမ်းကြည့်ကြပေါ့ :D ။ ကျွန်တော်ပြောချင်တာက အဲဒီအကြောင်းမဟုတ်ဘူး။ Contact Form လုပ်နည်းပါ :P ။ မိမိဘလော့ဂ်မှာ ထည့်ချင်ရင်တော့ Kontactr ကို သွားပြီး Account လုပ် ၊ လိုအပ်တဲ့ Data တွေ ထည့်လိုက်ရင် Contact Form တစ်ခု ရပါပြီ။ လွယ်လိုက်တာနော် :D ။ ကိုယ့်စိတ်ကြိုက် လုပ်ပြီးရင် Contact Form URL , Ajax Embed Widget , Buttons Code , HTML Embed Widget တွေ ရလာလိမ့်မယ်။ ကိုယ့် ဘလော့ဂ်မှာ အဆင်ပြေတာကို ယူသုံးလိုက်ပေါ့။

Zoho


Zoho မှာတော့ Contact Form တစ်ခုတည်းတင် မဟုတ်ဘူး..။ လုပ်လို့ရတာတွေ အများကြီးပဲ။ နဲနဲ ကလိကြည့်ပေါ့။ အခု Zoho မှာ Contact Form လုပ်တာကိုတော့ အောက်မှာ ဗီဒီယိုဖိုင်နဲ့ ရှင်းပြထားပါတယ်။ အဲဒါလေးကို ကြည့်လုပ်လိုက်ရင် အရမ်းကို လွယ်ပါတယ် ။ ကျွန်တော် ရှင်းပြနေရင် ပိုရှုပ်သွားလိမ့်မယ် :D ။



Emailmeform


Emailmeform ကလဲ Free Email Contact Form တစ်ခုပါ။ သူလဲ လုပ်ရတာ လွယ်ကူပါတယ်။ Account တစ်ခုလုပ်။ ပြီးရင် Form Builder ကနေ Create a New Form ဆိုပြီး လိုချင်တာတွေ ထည့် Next တွေ ပေးသွားလိုက်ရင် လွယ်ကူစွာနဲ့ Contact Form တစ်ခုကို ရပါလိမ့်မယ်။ သူ့ Homepage မှာလဲ လုပ်နည်းကို Movie နဲ့ ရှင်းပြထားတာ ရှိပါတယ်။

Ref : http://creator.zoho.com/ , http://www.emailmeform.com/ , http://kontactr.com/

ခင်မင်စွာဖြင့် 


မနောသား

Related Posts by Categories



Widget by Hoctro | Jack Book

1 Comments:

December 23, 2009 8:36 PM Younggun said...

အကို့ကျေးဇူးနဲ့ Contact Form တစ်ခု ဆောက်လိုက်တာ အဆင်ပြေသွားတယ်။ ကျေးဇူးဗျာ။ အမြဲ မရောက်ဖြစ်ပေမယ့် နည်းပညာအကူညီလိုတိုင်း ဒီကိုပြေးလာမိတယ်။ လာမိသူရင်ကို အေးချမ်းသွားစေပါတယ်။ အကျိုးပြုစာပေတွေ ဗဟုသုတတွေ ဆက်လက်ရေးသား အောင်မြင်ပါစေ။ ဒီထက် အသိဥာဏ်ကြွယ်ဝသူ၊ လင်းချင်းတောက်ပသူဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်။