ဒီနည်းလေးက တခါတလေတော့ တော်တော် အသုံးဝင်တယ်ဗျ။ Googling လုပ်တဲ့ အခါတွေမှာ တွေ့လိုက်တဲ့ ဆိုဒ်တွေက ဘာသာစကားပေါင်းစုံနဲ့ တွေ့တယ်။ သေစာ ရှင်စာ တတ်ထားတာဆိုလို့ မြန်မာ နဲ့ အင်္ဂလိပ် ပဲ ရှိတာဆိုတော့ ကျန်တဲ့ ဘာသာစကားတွေနဲ့ ရေးထားတဲ့ ဆိုဒ်တွေဆို ကြည့်ကို မကြည့်တော့ဘူး..ပိတ်ပစ်လိုက်တယ်။ အခုတော့ ပိတ်စရာမလိုတော့ဘူး။ အောက်ကပေးထားတဲ့ ဆိုဒ်တွေမှာ ကိုယ်မသိတဲ့ ဘာသာစကားတွေကို ရိုက်ထည့်ပြီး ကြည့်လိုက်ရင် အဲဒီစာဟာ ဘယ်ဘာသာစကားဆိုတာကို သိနိုင်တယ်။
LangId.net
What Language Is This
Google Language Detection Service
လုပ်နည်းတွေက လွယ်ကူပါတယ်။ ပေးထားတဲ့ လင့်ခ်တွေကို သွားကြည့်လိုက်နဲ့ သိနိုင်ပါတယ်။ Guide တွေလဲ ရှိတော့ အသုံးပြုရတာ အဆင်ပြေမှာပါ။
Ref :http://www.techdreams.org/
အဆင်ပြေပါစေ
မနောသား





0 Comments:
Post a Comment