Vista Users များအတွက် Win 7 မှာပါတဲ့ Calculator ကို အသုံးပြုချင်ရင် အသုံးပြုနိုင်ပါတယ်။ Win7 မှာပါတဲ့ Calculator ကတော့ တော်တော်လေးကို စုံလင်စွာ ထည့်သွင်းထားတာကို တွေ့ရပါတယ်။ Win 7 Calculator ကို screenshot ကြည့်ချင်ရင် ဒီနေရာမှာ လေ့လာကြည့်နိုင်ပါတယ်။ အသုံးပြုနည်းက အောက်မှာ ပေးထားတဲ့ Windows 7 Calculator For Vista ကို ဒေါင်းလိုက်ပါ။ ပြီးရင် zip file ကို Extract လုပ်လိုက်ရင် en-US & calc.exe ဆိုပြီး files တွေ ရလာမယ်။ ဒီတိုင်း ရိုးရိုးလေးပဲ သုံးမယ်ဆိုရင်တော့ Vista Users တွေ calc.exe ကို ဒီတိုင်း Double Click လုပ်ပြီး သုံးရင်လဲ ရပါတယ်။ အကယ်၍ နဂိုရှိပြီးသား Vista မှာပါတဲ့ calc.exe နေရာမှာ အစားထိုး အသုံးပြုချင်တယ်ဆိုရင်တော့ အောက်မှာ ပြထားတဲ့ Location အတိုင်း ဒေါင်းထားတဲ့ ဖိုင်တွေကို သူ့နေရာအလိုက် အစားထိုးလိုက်ရင် အဆင်ပြေပါပြီ။ ( သေချာအောင် အရင်ရှိပြီးသား ဖိုင်လေးကိုတော့ Backup ယူထားလိုက်ပေါ့ )
C:\Windows\System32\calc.exeDownload Windows 7 Calculator For Vista
C:Windows\System32\en-US\calc.exe.mui
ခင်မင်စွာဖြင့်
မနောသား



2 Comments:
ယူသွားတယ်ဗျာ ..စမ်းကြည့်တာ ..မဆိုးဘူး ..တော်တော်စုံတာ တွေ့ရတယ် ...ကျေးဇူးပါပဲ ..။
အကိုရေ လာလည်ပါတယ်နော....
www.mgkyawswarnyein.blogspot.com
Post a Comment