☛ ငါ .....
နှမြောမိတယ်
မင်းကိုတော့ မဟုတ်
ချစ်ခဲ့မိတဲ့ ငါ့ အချစ်တွေ...။
☛ ငါ ....
တမ်းတမိတယ်
မင်းကိုတော့ မဟုတ်
ပေးခဲ့မိတဲ့ ငါ့ မေတ္တာတွေ ...။
☛ ငါ ...
တုန်လှုပ်မိတယ်
မင်းကိုတော့ မဟုတ်
ထားခဲ့မိတဲ့ သံယောဇဉ်တွေ...။
☛ ငါ ....
လွမ်းဆွတ်မိတယ်
မင်းကိုတော့ မဟုတ်
ကုန်ဆုံးသွားတဲ့ ငါ့ အချိန်တွေ...။
☛ ငါ ..
အံသြမိတယ်
မင်းကိုတော့ မဟုတ်
ဖြစ်ပျက်သွားတဲ့ အကြောင်းအရာတွေ...။
နှမြောမိတယ်
မင်းကိုတော့ မဟုတ်
ချစ်ခဲ့မိတဲ့ ငါ့ အချစ်တွေ...။
☛ ငါ ....
တမ်းတမိတယ်
မင်းကိုတော့ မဟုတ်
ပေးခဲ့မိတဲ့ ငါ့ မေတ္တာတွေ ...။
☛ ငါ ...
တုန်လှုပ်မိတယ်
မင်းကိုတော့ မဟုတ်
ထားခဲ့မိတဲ့ သံယောဇဉ်တွေ...။
☛ ငါ ....
လွမ်းဆွတ်မိတယ်
မင်းကိုတော့ မဟုတ်
ကုန်ဆုံးသွားတဲ့ ငါ့ အချိန်တွေ...။
☛ ငါ ..
အံသြမိတယ်
မင်းကိုတော့ မဟုတ်
ဖြစ်ပျက်သွားတဲ့ အကြောင်းအရာတွေ...။
******************************
ချစ်လှပါတယ်ဆိုတဲ့ မင်းရဲ့ တဖွဖွ ပြောသံတွေ
ချိုသာလှတဲ့ မင်းရဲ့ နှုတ်ခမ်းဖျားက အနမ်းတွေ
လွမ်းနေရပါတယ်ဆိုတဲ့ မင်းရဲ့ မျက်ဝန်းလှတွေ
ချိုသာကြည်တဲ့ မင်းရဲ့ ချစ်ခြင်းဖွဲ့ သီကုံးသံတွေ
ဒါတွေ ဒါတွေ..အခု ဘယ်ရောက်ကုန်ပြီလဲ....။
******************************
မနောသားချစ်လှပါတယ်ဆိုတဲ့ မင်းရဲ့ တဖွဖွ ပြောသံတွေ
ချိုသာလှတဲ့ မင်းရဲ့ နှုတ်ခမ်းဖျားက အနမ်းတွေ
လွမ်းနေရပါတယ်ဆိုတဲ့ မင်းရဲ့ မျက်ဝန်းလှတွေ
ချိုသာကြည်တဲ့ မင်းရဲ့ ချစ်ခြင်းဖွဲ့ သီကုံးသံတွေ
ဒါတွေ ဒါတွေ..အခု ဘယ်ရောက်ကုန်ပြီလဲ....။
******************************


10 Comments:
ဘယ်ရောက်သွားတုန်းဗျာ...
ဘယ်မှမရောက်လောက်ပါဘူး။ ရင်ထဲမှာဖြစ်ပြီး ရင်ထဲမှာပဲ ပျောက်သွားတယ်ထင်ပါတယ်။ ခံစားသွားတယ်ဗျာ.... ဆွမ်းတော့မဟုတ်ဘူး အကိုရေးတဲ့ ကဗျာတွေကို
အစက ကြိုသိခဲ့ရင် မောင်မချစ်ခဲ့ပါဘူး မေရယ်... :)
မင်းပြောခဲ့တဲ့ မင်းရဲ့စကားတွေ အခုတော့အခုတော့ ဘယ်သူ့အနား ရောက်သွားလဲ.... ဘယ်သူများယူသွားလဲ... မင်းရဲ့ ဘ၀မှာရှိမှ ဖြစ်မယ် မင်းရဲ့ပါးစပ်က ခဏခဏပြောတယ် မင်းသိပ်ချစ်တယ် မငိးသိပ်ချစ်တယ် ဆို..... ဆို.....ဆို.....
အပေါ်က စာပိုဒ်လေးတွေက Gtalk custom message ဖြစ်လာနိုင်တယ် မောင်လေး..း)
လှတယ် ကွ.. စာသားလေးတွေ
ကိုယ်လာဖတ်တယ်...
ကဗျာတော့မဟုတ်...
ရင်နက်ထဲက ငိုလှိုက်သံတွေ...
းဝ)
Bloggingနေတုန်းကတော တုန်လှုပ်နေတယ်လို့ ပြောသံမကြားပါဘူး။။။။။။။။။။။
Computer ရှေ့မှာထိုင်ပြီး ချစ်သူကို ချောင်းထိုးထားတတ်တဲ့အကျင့်တွေကိုရော ....
ဘလောခ်လည်ဖို့ အချိန်ရပေမယ့် ရည်းစားဆီဖုန်းဆက်ဖို့ အီးမေလ်းပို့ဖို့တော့ ဘယ်တော့မှသတိမရဘူးမဟုတ်လား
ငါ နှမြောတယ်။ တမ်းတတယ်။ တုန်လှုပ်မိတယ်။ လွမ်းဆွတ်မိတယ်။ အံ့သြမိတယ်။
ကဗျာလေးဖတ်ပြီး ဆွေးမိတယ်။ တကယ်တုန်လှုပ်မိတယ်။
ရေးတတ်လိုက်တာ။
လုပ်စမ်းဗျာ...ငါနှမြောမိတယ်...
မင်းကိုတော့မဟုတ်ဘူး...ငါပိုက်ဆံတွေကို...
တိုက်ဆောက်ရင်အိမ်သာတလုံးပြီးပြီလို့..
ဟဟ စတာပါဗျာ...လာလည်သွားတယ်
ဏီ(န်)ကင်း
ကဗျာလေးကို ခံစားသွားပါတယ်
ဘယ်မှ မရောက်ပါဘူး။ ရှိပါတယ်။ သိမ်းထားတယ်လေ... နောက်မှ ထုတ်ရောင်းမယ်... ဟိဟိ
Post a Comment