ကြင်နာသူရေ...
မင်း မပါဘဲ
ဆူးခင်းလမ်းကို
လျှောက်ရဲလျှက်.....။
ချစ်ဆုံးသူရေ...
မင်း မပါလဲ
လောကမုန်တိုင်း
သံတံတိုင်းကို
ကြံ့ကြံ့ခံနိုင်ရဲ့.....။
ချစ်သူရေ...
မင်း မပါလဲ
ခက်ခဲကြမ်းတမ်း
ဘဝလမ်းကို
အားအင်များနဲ့
လျှောက်ရဲပါရဲ့.....။
သို့သော်ငြားလဲ
ဝေးတမြေရောက်
ချစ်ဆုံးသူအား
တမ်းတရင်းဖြင့်
လွမ်းရင်းရူးလျှက်
ရှိနေပါ၏.....။
မုသားမပါ
လင်္ကာမချော
သို့သော်ငြားလဲ
ငါ့ရင်ထဲမှာ
မှန်သော သစ္စာ
ငါ့နှုတ်ဖျားမှ
တိုင်တည်စကား
ထွက်ဝံ့ပါ၏.....။
ချစ်သူရေ...
- မင်းမပါက
ပန်းခင်းလမ်းလဲ
မနှင်းလိုပါ.....
- မင်းမပါက
လေပြေအေးလဲ မတိုက်စေလို....
လေညှင်းအေးလဲ မအေးမြပါ.....
- မင်းမပါက
စည်းစိမ်အပြည့်
ပုံကာထားသော
ဘဝကြီးအား
ပေးအပ်၍လည်း
မပျော်နိုင်ပါ.....
ချစ်သူရေ ...
အသက်ရှုတိုင်း သတိရနေတာပါ....။
အင်တာနက်မှာ အရောင်းမြှင့်တင်ပါ
-
ကိုယ့်ရဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု စတာတွေကို အရောင်းမြှင့်တင်ဖို့ ဆိုတာ
အချိန်ကုန်လူပန်းရတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာ ဆိုရင်လည်း
လူတိုင်းဟာ ကိုယ့်...
2 hours ago


11 Comments:
အသက်ရှုတိုင်းတောင် သတိရနေတာဆိုပဲ...
ခံစားချက်တွေ ပြင်းလှပါလား ကိုမနော..
ကောင်မလေး.... သိမှ သိပါလေစ...
ကဗျာလေးက ကောင်းပါတယ်..
မနောသားေ၇
မရောက်တာကြာပြီမို့
အေ၇ာက်လာခဲ့တယ်
ကဗျာလေးကိုကောင်မလေးသာဖတ်မိရင်
ကြွေသွားလောက်ရဲ့....
ပျော်ရွှင်သောနှစ်သစ်ဖြစ်ပါစေ
စကားမစပ်
အိမ်သစ်လေးကအရမ်းကြွရွလှပနေတယ်
အသက်ရှူတိုင်း သတိရတယ်ဆိုတော့ နှာချေတဲ့ အချိန်ဆို မေ့နေတာပေါ့။ ချောင်းဆိုးရင်လည်း မသိဘူး။ ရေငုပ်ဝတ်စုံမပါပဲ ရေငုပ်တဲ့ အချိန်ဆိုလည်း မေ့မှာပဲဗျ ဟေးဟေး ..
ခင်မင်စွာ ..
how are u ko manaw , long time no see, merry christmas
ကဗျာလေးလာဖတ်ပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေ။ Merry X'mas
ko monaw how are u, long tme no see,,
ချစ်သူဆီလဲ ရောက် သိန်းထီလည်း ပေါက်ပါစေ..ကိုမနောသားရေ ကိုယ့်လူကျေးဇူးကြောင် Contact Form တွေ စမ်းလို့ရနေပြီဗျ ကျေးဇူးစကား ထပ်ဆိုခဲ့ပါတယ်။
မောင်လေးရေ ဆောင်းအေးအေး နဲ့ ကွေးလွမ်းနေတာလား
ချစ်သူရေ ...
အသက်ရှုတိုင်း သတိရနေတာပါ....။
ကဗျာ တွေလာဖတ်သွားပါတယ်ဗျာ..
ဗဟုသုတလေးတွေအတွက်လည်း ကျေးဇူးပါဘဲ
အစ်ကို..အရမ်းကောင်းတာဘဲ
ခံစားချက်ကအရမ်းမိုက်တာဘဲ
ခံစားချက်ချင်းတူလို့ပါ
Post a Comment