ဒီပို့စ်က HTML Codes တွေကို နားလည် တတ်ကျွမ်းသူများအတွက်တော့ မလိုအပ်ပါဘူး။ HTML Codes အကြောင်း မသိတဲ့ သူများအတွက်ပဲ အသုံးဝင်ပါလိမ့်မယ်။တခါတလေ ကိုယ့် ဘလော့ဂ်က Banner တွေမှာ ကိုယ်ထည့်ထားတဲ့ ပုံနဲ့ Blog Header က Title နဲ့ အဆင်မပြေတာတွေ ကြည့်မကောင်းတာတွေ ရှိတတ်တယ်။ များသောအားဖြင့် ဖြစ်တတ်တာကTitle က စာတွေက ရှည်နေတာတွေ ၊ နောက်ခံ Banner နဲ့ ဆက်စပ်မှုမရှိတာတွေ ဖြစ်တတ်ပါတယ်။ အဲဒီအခါမျိုးတွေမှာ Blog Header Title ကို Remove လုပ်ပေးလိုက်မှ အဆင်ပြေတယ်။ ပြီးမှ ကိုယ်ထည့်ချင်တဲ့ နေရာမှာ Title ကို ပြန်ထည့်ပေါ့။ အခု အဲဒီ Blog Header Title Remove လုပ်တာကို ပြောမှာပါ။
- Blogger ကို Sign In ၀င်လိုက်ပါ။
- Layout tab ကို Click ပါ။
- ထိုမှ တဆင့် Edit HTML ကို Click ပါ။
- HTML ကုဒ်ထဲမှ #header.description ( သို့ ) #header h1 ကို လိုက်ရှာပါ။
- တွေ့ရင် အဲဒီကုဒ် မဆုံးခင်လေးမှာ display:none; ဆိုတာလေးကို ထပ်ထည့်ပေးလိုက်ပါ။

ခင်မင်စွာဖြင့်
မနောသား


6 Comments:
အကိုရေကျွန်နော်ကအကို့ပရိတ်သက်ပါ.....ခုကျွန်နော့ဘလောဂ့်မှာတခြား က teamplate တွေကို head အောက်မှာပဲကပ်ထဲ့တာမရဘူးဖြစ်နေတယ်.....အဲ့ဒါဘယ်လိုလုပ်ရမလဲပြောပေးပါ.....တဆက်ထဲ ဘယ်လို code မျိုးကိုဘယ်လိုနေရာမှာထဲ့ရတယ်ဆိုတာအကြမ်းဖြင်းလက်လှမ်းမှီသလောက်ပြောပြပေးပါ
ဘာကို ပြောတာလဲ မသိဘူး .. ဒီပို့စ်ကအတိုင်း Header Title ကို ဖျောက်ထားချင်တာလား .. ကျွန်တော် သိပ်မရှင်းလို့ ...။
ဒီလိုပါ တခြားဆိုက်ကပေးတဲ့teamplateကကုဒ်တွေကိုကျွန်နော့blog HTMLရဲ့ဘယ်နေရာမှာထဲ့ရမှာလဲ
XML ဖိုင်ဆိုရင် Edit HTML ကို သွားပြီး Upload a template from a file on your hard drive: မှာ Browse ကနေ တန်းပလိတ် XML ဖိုင်ကို ရွေးပေးပြီး Upload လုပ်လိုက်တာနဲ့ ရပါပြီ..။ သာမာန် ရိုးရိုး Code တွေပဲ ပေးထားတယ်ဆိုရင်တော့ Edit HTML ကို သွားပြီး မူရင်းရှိနေတဲ့ HTML ကုဒ်တွေနေရာမှာ ချိန်းချင်တဲ့ HTML ကုဒ်အသစ်ကို ထည့်လိုက်ရင် အဆင်ပြေပါတယ် ..။
ခင်မင်စွာဖြင့်
မနောသား
အကိုရေဒီတခါ လွယ်မရောင်နဲ့ခက်နေတာလေးရှင်းပြပေးပါဦး
post တွေမှာ(ဥပမာ-ဒီနေရာတွင်)ဆိုပြီးလင့်ထဲ့တာဘယ်လိုလုပ်ရမလဲ
နောက်ပြီး ကျွှန်နော့်ဘလော့်display人မှာပုံအရှင်လေးတွေ သေနေတာဘယ်လိုလုပ်ရမလဲပြောပြပေးပါဦး
URL လင့်ခ်တင်တာနဲ့ ပတ်သက်ပြီး ကျွန်တော် ပုံလေးနဲ့ ညွန်ပြထားပါတယ်..။ နားလည်သဘောပေါက်မယ်လို့ ထင်ပါတယ် ..။ http://i49.tinypic.com/2e64f0p.png မှာ ကြည့်လိုက်ပါ..။ နောက်တစ်ခု Blogpost တွေမှာ Animation ပုံတွေ မလှုပ်ရှားပဲ သေနေတာက Gif ဖိုင်နဲ့ မဟုတ်လို့ပါ..။ သူ့ မူရင်း Gif အတိုင်း တင်ရင် ရပါတယ် ..။
အဆင်ပြေပါစေ
မနောသား
Post a Comment